အရလွယ်ခဲ့လို့ တန်ဖိုးမသိကြတာ ဖြစ်မယ်။

>> Sunday, March 22, 2009

အရလွယ်ခဲ့လို့ တန်ဖိုးမသိကြတာ ဖြစ်မယ်။

ဒကာကြီး၊ ရှင်ဘုရင်ရဲ့ သားဟာ ခမည်းတော် နတ်ရွာစံပြီး အလိုလို ဘုရင် အရိုက်အရာကို ရရှိလာတော့ ဘုရင်ဖြစ်ရတဲ့ တန်ဖိုးကိုလည်း မသိဘူး။ ဘုရင့် တာဝန် ဝတ္တရား ဘယ်လောက် ကြီးမှန်းလည်း မသိဘူး၊ ဒီလိုပဲ ဒကာကြီး မွေးကတည်းက ဗုဒ္ဓဘာသာဝင်ဖြစ်လာသူတွေဟာ ရတနာသုံးပါးရဲ့ တန်ဖိုး၊ သိက္ခာသုံးရပ်ရဲ့ ဖန်ဖိုးနှင့် အစွမ်းသတ္တိတွေကို နားမလည်ကြဘူး။ ဆင်းရဲသားက ရှင်ဘုရင် ဖြစ်သွားတဲ့ လူကျတော့ ဘုရင့်တန်ဖိုးကို ပိုသိတာပေါ့၊ ဘဝမှာ သဒ္ဓါ၊ သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ စတဲ့ စိုက်ထုတ်ခဲ့ရတဲ့ တန်ဖိုးတွေ ဘယ်လောက် ကြီးမားတယ် ဆိုတာ ကိုယ်တိုင် သိမြင်ခဲ့ရတဲ့ အခါ ကျတော့ မိုက်စရာ ရှိတာတောင် မမိုက်ချင်တော့ဘူး။ အနစ်နာ ခံခဲ့ရတာတွေ၊ ဆုံးရှုံးခဲ့ရတာတွေ၊ စွန့်လွှတ်ခဲ့ရတာတွေ ဘယ်လောက်များတယ် ဆိုတာ သူပဲသိတယ်။ ဒီတော့ ရတနာ သုံးပါးကို ကြည်ညိုရတိုင်းမှာ ပီတိ ဖြစ်ရတာပေါ့။ ဒီလိုပဲ ဒကာကြီး၊ တခြား ဘာသာ အယူဝါဒကနေ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အဖြစ်ကို ကူးပြောင်း ရောက်ရှိလာသူတိုင်းဟာ ဆင်းရဲသားက သန်းကြွယ် သူဋ္ဌေး ဖြစ်ရတဲ့ လူလိုပဲ ခံစားရတယ်။

(ရောမ ဘရင်ဂျီဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသော အီတလီ ဘုန်းတော်ကြီး ဦးလောကနာထ)

ဆရာဦးဆန်းလွင် (အရှင်အာဒိစ္စရံသီ) ရေးသားသော ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်း စာအုပ်၊ (စာမျက်နှာ ၁၀-၁၁) ဦးဟန်ဌေး၏ မိတ်ဆက်နိဒါန်းမှ ကူးယူဖော်ပြလိုက်ပါတယ်။ ရွက်ဝါမှတဆင့် ကူးယူဖော်ပြပါသည်။

Read more...

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP