ဒေါသနည်းအောင်နေနည်း

>> Tuesday, December 8, 2009

ယခုတလောမှာ ဘ၀ရဲ့အဆင်မပြေမူများကြောင့် ဒေါသ၊သောကတွေဖြစ်ခဲ့မိပါတယ်။ အဲဒီအချိန်မှာ ယခုစာပေတရား အားဆေးတစ်ခွက်ကို သောက်လိုက်ရပါတယ်။ ရင်တွင်းက ဒေါသ၊သောကမီးတွေ အေးငြိမ်းသွားလို့ တဆင့်မျှဝေပေးလိုက်မိပါတယ်။
နှစ်သက်သောစာစုများ
ရွှေလမ်းငွေလမ်းဝင်းကြည်


“ဒေါသနည်းအောင်နေနည်း"
လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။

• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့
စိတ်တိုတာမဖြစ်အောင်နော်။

• ကတိအကြွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက် အောင်စီစဉ်ထားပါ။
အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင်
ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို
အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊
အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ
ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို
သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊
နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို
စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်
သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်
နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်
တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ
စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊
စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို
မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့
စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ
ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး
အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ
ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့
အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို
ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။
မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက
အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း
အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း
စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ
သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့
ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး
ထားဖို့လိုတယ် ။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ များနဲ့မရောပါနဲ့။
အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။
အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး
ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို
ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။
စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။
စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို
လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။
ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။
အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ
တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။
ဒါကြောင့် ``အရင်လိုရင် အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ
တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။
ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ်
ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း
တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ
လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့်
စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့
အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ
ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။
ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။
ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို
ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်
စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။
ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို
ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့
တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို
လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ
တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ
ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊
ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော်
သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ
သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့
ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက
အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။
ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး
တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့
ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ
စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။

လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။
ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက
ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့
ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို
တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်
မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင်
တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို
ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့
ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို
မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုယ်ချင်စာပါတယ်
ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ
ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင်
စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ
သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင်
လေးလေးစားစားဆွေးနွေးပါ။

လောကီအတွက်ပါ အကျိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို
အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက ချက်ချင်းစိတ်ကို
ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ ခန္ဓာဉာဏ်ရောက်တရားများကို
အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ် ၀ိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို
ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း
လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။
*ဆရာတော်ဦးဇောတိက
http://refineplace.myanmarbloggers.info/
ကိုငယ် ဘလော့မှ ကူးယူဖော်ပြပေးပါသည်။
ဝိမုတ္တိသုခ ဘလော့မှ ကျွန်တော်က ပြန်လည် ကူးယူဖော်ပြပါသည်

Read more...

သင်ဘာရည်ရွယ်ချက်နဲ့လူဖြစ်နေတာလဲ ...သီတဂူဆရာတော်

>> Monday, December 7, 2009

အားလုံးသော လူတိုင်း လူတိုင်းကိုပေါ့ ဘာရည်ရွယ်ချက်နဲ့ လူဖြစ်နေသလဲ? လူဖြစ်ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ? လို့မေးရင် တိကျမှန်ကန်စွာ ဖြေနိုင်ဖို့တော့ ခက်ခဲမယ် ထင်ပါရဲ့

ဥပမာ ဆိုပါစို့
လူတစ်ယောက်ကို မေးမယ် သူက ဆရာဝန်ကြီး လုပ်မယ်၊ တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ဂျာနယ်လစ် တစ်ယောက်က သတင်းစာဆရာ ဘာ ညာ စသဖြင့်ပေါ့ သူတို့တွေ အားလုံးရဲ့ ရည်ရွက်ချက်တွေ မတူညီတာကို တွေ့ရပါလိမ့်မယ်။ တူညီမူ မရှိဘဲ ထွက်လာပါလိမ့်မယ်။ ကဲ ဒီလိုဆိုရင် လူတစ်ထောင်ရှိရင် ရည်ရွယ်ချက် တစ်ထောင် ထွက်လာနိုင်တာ ပေါ့နော်။

လူသားတိုင်းမှာ မရှိမဖြစ်တဲ့ ရည်ရွယ်ချက် ရှိသင့်တာပေါ့။ အဲဒီ ရည်ရွယ်ချက်က လူသားအားလုံးနဲ့ ဆိုင်တဲ့ common ဖြစ်တဲ့ ရည်ရွယ်ချက် ဖြစ်ရမယ်။ အဲဒီ ရည်ရွယ်ချက်က ဘာလဲဆိုလို့ရှိရင် တို့များရဲ့ ဗုဒ္ဓ ဘုရားရှင်က ဟောထားပါတယ်။ အားလုံးလဲ သိကြ၊ ရဖူးကြမှာပါ ပရိတ်ကြီးးထဲက ရတနာ့ သုတ်ထဲမှာ ပါပါတယ်။

လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယာတိ တိေဿာ စရိယာယော......လို့

လောကတ္ထစရိယ- ဆိုတာ
ချစ်သူ၊ မုန်းသူ၊ လူကောင်း၊ လူဆိုး၊ ဝေးသူ၊ နီးသူ၊ ဖြူသူ၊ မဲသူ၊ ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုး အသားအရောင် အမျိုးမျိုး၊ လူမျိုး အထွေထွေ ဘယ်မျက်နှာမှ မကြည့်ဘဲနဲ့ အသက်ရှိသတ္တ၀ါ အားလုံးရဲ့ ကောင်းကျိုးကို ငါဆောင်ရွက်မယ် ဆိုတဲ့ ရည်ရွယ်ချက်ကို လောကတ္ထ စရိယ လို့ဆိုပါတယ်။ ဒီလူ့အကျိုးတော့ ငါဆောင်ရွက်မယ်၊ ဟိုလူ့အကျိုးတော့ ငါမဆောင်ရွက်ဘူး ဒီလို မဟုတ်ဘဲ အလွန် ကျယ်ပြန့်တဲ့ ရည်ရွယ်ချက် နံပါတ် တစ် လောကတ္ထစရိယ၊ အားလုံး သေသည်အထိ နှလုံးသားထဲမှာ စွဲနေအောင် မှတ်ထားစေချင် ပါတယ်။ တစ်လောကလုံး အတွက် မတတ်နိုင်ရင် နည်းနည်းလေး လျှော့လိုက်၊ ဒုတိယက ဥာတတ္ထစရိယ တဲ့

ဥာတတ္ထစရိယ- ဆိုတာ
ဆွေမျိုးများ၊ မိတ်ဆွေများ အတွက် အကျိုးစီးပွား ဖြစ်အောင် အားထုတ်ခြင်း၊
(၁) တစ်တိုင်းလုံး တစ်ပြည်လုံးမှာ ရှိတဲ့ လူသားအားလုံးတို့ရဲ့ အကျိုးစီးပွားကို ငါဆောင်ရွက်မယ်။
(၂) အဲဒီလောက် မလုပ်နိုင်ရင် ဘယ်လောက် လုပ်မလဲ၊ ကိုယ့်ရပ် ကိုယ့်ရွာက ကိုယ့်ဆွေကိုယ့်မျိုး များရဲ့ အကျိုးစီးပွား အတွက် ငါဆောင်ရွက်မယ်။ ရည်ရွယ်ချက် နှစ်ပါးနော် အဲဒီ ရည်ရွယ်ချက် နှစ်ပါးစလုံးက ပရဟိတ တွေချည်းပဲ။

ဗုဒ္ဓတ္ထစရိယ- ဆိုတာ
မြတ်ဗုဒ္ဓကတော့ သူ့အတွက် ဗုဒ္ဓ ဖြစ်ဖို့ဆိုတော့ “ဗုဒ္ဓတ္ထစရိယ” လို့ ပြောတာနော်၊ အဲဒါကို ဦးဇင်းတို့ စာဖတ်သူတို့နဲ့ ကိုက်ညီအောင် စကားလုံးပြောင်းပြီး ပြောရမယ် “အတ္တတ္ထ စရိယ” လို့။ အတ္တတ္ထ စရိယ - မိမိ ကိုယ်ကျိုးစီးပွားအတွက်နော်

ငါသည် လောကလူသားအားလုံးရဲ့ အကျိုးစီးပွားအလို့ငှါ လူဖြစ်လာတာ လောကတ္ထစရိယ၊ အဲဒီလောက် မတတ်နိုင်ဘူး ဆိုရင် ငါသည် ငါ့ရပ် ငါ့ရွာရဲ့ အကျိုးစီးပွါးအတွက် လူဖြစ်လာတာ ဥာတတ္ထစရိယ အဲဒီ ရည်ရွယ်ချက် နှစ်ပါးကို ဆောင်ရွက်နိုင်ဖို့ အတွက် လူသား တစ်ယောက်သည် ဘာလုပ်ရမလဲ အတ္တတ္ထ စရိယ - မိမိရဲ အကျိုးစီးပွါး ပြည့်စုံအောင် ဆောင်ရွက်ရမယ်။ အတ္တတ္ထ စရိယ- ကိုယ်ကျိုး စီးပွားလို့ ဆိုလိုက်လို့ စာဖတ်သူတို့ တစ်မျိုး သွားပြီးတော့ စိတ်မကူးနဲ့နော်၊ ငါ တိုက်ဆောက်ဖို့ ကားစီးဖို့ အရင်လုပ်ရမယ် ဆိုတာမျိုး သွားမတွေးနဲ့၊ အဲဒါ ပြောတာ မဟုတ်ဘူး ကိုယ်ကျိုးစီးပွား ဆိုတာ မိမိကိုယ်တိုင် ကိုယ်ကျင့်တရားနှင့် ပြည့်စုံဖို့၊ သီလ နဲ့ပြည့်စုံဖို့ အရင်လုပ်ရမယ်လို့ ဆိုလိုတာ သီလ ဆိုတော့ ဒို့ သီလ မတတ်နိုင်ဘူးလို့ ဒီလို သွားမတွက်နဲ့။

သီလဆိုတာ ဘာလဲ လို့မေးရင်
Bodily discipline and Verbal discipline.
This is Sila.

Bodily discipline- ဆိုတာ ကိုယ်၏ စည်းကမ်း၊
Verbal discipline- ဆိုတာ ပါးစပ်စည်းကမ်း အဲဒါကို သီလ လို့ခေါ်တယ်။

ပါဏာတိပါတာ ဝေရမဏိ- အသက်ရှိသတ္တ၀ါတွေကို မသတ်ဘူး
Not to kill any living beings.

အဒိန္နာဒါနာ ဝေရမဏိ- ပိုင်ရှင် မပေးတဲ့ပစွည်း ဘာမှ မယူဘူး၊
Not to take anything, not given by owner.

Not to do sexual misconduct -သူတပါးသားမယားကို မဖျက်စီးဘူး
လိင်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အကျင့်ကို မကျင့်ဘူး ဒါတွေဟာ ကာယကံ စည်းကမ်း၊

နောက် ဒုတိယ က
Verbal discipline- ပါးစပ်စည်းကမ်း
မုသာဝါဒါ ဝေရမဏိ -မဟုတ်မမှန်တဲ့ စကားကို မပြောဘူး
I undertake the precept not telling lie.

ရှင်းအောင် ထပ်ပြောကြစို့ ဘုန်းကြီးပြော ပြောမယ်ဆိုရင်ပေါ့
မုသာဝါဒါ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ဖပ္ပလာပ၀ါစာ လို့လာပါတယ်။
ဒါကို ခေတ်နဲ့ ကိုက်ညီအောင် ပြောရရင်

Must be true
မှန်တာကို ပြော၊ မှန်တိုင်းလည်း ပြောရမလား ဆိုတော့ မှန်တိုင်းလည်း မပြောနဲ့တဲ့ မှန်တာတွေ အကုန်လျှောက်ပြော နေလို့ ဖြစ်တာ မဟုတ်ဘူး မဟုတ်လား။

Must be honest
ရိုးရိုးသားသား ပြော၊ ရိုးသားတဲ့ စိတ်နဲ့ပြောတဲ့

Must be polite.
ယဉ်ယဉ်ကျေးကျေးပြော တဲ့ ဒီလောက်နဲ့ ဒီစကားဟာ လုံလောက်ပြီလား ဆိုရင် မလုံလောက် သေးဘူး

Must be beneficial for others and oneself.
မိမိအတွက်ရော သူတစ်ပါးအတွက် အကျိုးဖြစ်မယ့် စကားကို ပြောရမယ်။

Must be harmonious
ညီညွတ်ရမယ် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရမယ့် စကားမျိုးတွေ သွားမပြောနဲ့ ချစ်ခင်နေတဲ့ လူနှစ်ယောက် ကွဲသွားအောင် သွားမပြောနဲ့ ကွဲနေတဲ့လူကို စေ့စပ်တဲ့ စကားမျိုးပဲပြောတဲ့

Must be pleasant.
နားချမ်းသာ အောင်ပြောရမယ်

စကားအရာ အင်္ဂါ ခြောက်ပါးနော် နှလုံးသားထဲမှာ စွဲနေအောင် ဖတ်ပါ မှတ်သားပါ၊ ထိုကဲ့သို့ စကားကို ကောင်းစွာ ပြောခြင်းသည် ဘာ မင်္ဂလာ ဖြစ်သလဲ ဆိုရင် မင်္ဂလ သုတ်ထဲမှာ ပါပါတယ်၊

သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ ဆိုတာ ဘယ်လောက် ကောင်းသလဲ၊ စကားကို ကောင်းစွာ ပြောခြင်းသည် သုဘာသိတ မင်္ဂလာ ဖြစ်နေတယ်တဲ့ ဘယ်လောက် လူတွေနဲ့ ဆက်စပ်တဲ့ အဆုံးအမ တွေကို မြတ်ဗုဒ္ဓ ဆုံးမတော် မူထားသလဲ?

ကိုးကား
သီတဂူ ဆရာတော် ဘုရား၏ တောင်ကြီးတက္ကသိုလ်တွင် ဟောကြားအပ်သော တက္ကသိုလ် တရားတော်
++++++++++++++++++++++++++++++++++++++
အဖြူရောင်မေတ္တာမှကူးယူဖော်ပြပါသည်။

Read more...

မာန



ထောင်လွှား တက်ကြွခြင်း သဘောကို “မာန” လို့ ခေါ်ပါတယ်၊ ဒီမာနဟာ ထောင်လွှား တက်ကြွခြင်း သဘော ရှိပါတယ်၊ လောကမှာ ပုဂ္ဂိုလ်အတန်းအစားခွဲရင် -

၁။ သေယျပုဂ္ဂိုလ် = အထက်တန်းစားလူမျိုး၊
၂။ သဒိသပုဂ္ဂိုလ် = အများနှင့် တန်းတူလူမျိုး၊
၃။ ဟီနပုဂ္ဂိုလ် = အောက်တန်းစားလူမျိုး
ဒီလို (၃) မျိုးကို တွေ့နိုင်ပါတယ်၊ တစ်မျိုးတစ်မျိုးမှာ -

က။ သေယျမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ အဖက်ဖက်က သူများထက် သာတယ် - လို့ မှတ်ထင်မှု၊
ခ။ သဒိသမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ သင်းတို့နှင့် ဘာထူးသလဲ - လို့ မှတ်ထင်မှု၊
ဂ။ ဟီနမာန် = သူတို့အောက်ကျတော့ ငါက ဘာအရေးစိုက်ရမှာလဲ - လို့ မှတ်ထင်မှု။
ဒီလို သုံးမျိုးစီ ကွဲပြားနိုင်ပါတယ်။

ဒီ (၉) မျိုးထဲက သေယျပုဂ္ဂိုလ်ရဲ့ သေယျမာန်၊ သဒိသပုဂ္ဂိုလ်ရဲ့ သသိသမာန်၊ ဟီနပုဂ္ဂိုလ်ရဲ့ ဟီနမာန်ဟာ ဟုတ်မှန်တဲ့အတိုင်း မာန်မူခြင်း (ယာထာဝမာန်) မည်ပါတယ်၊ ဒီယာထာဝမာန်မျိုးကို အရဟတ္တမဂ်ကသာ ပယ်နိုင်ပါတယ်။

ဇာတိမာန်

မျိုးရိုး ကောင်းတဲ့အတွက် မာန်တက်တာ မျိုးကို ဇာတိမာန်လို့ ခေါ်ပါတယ်၊ ယခုခေတ်မှာလည်း အသင့်အတင့် မျိုးရိုး ကောင်းသူတွေ ရှိနေတတ်ပါတယ်၊ ဒါပေမယ့် ဟန်ကြီးပန်ကြီး လုပ်ကာ မာန်မာန တက်လောက်အောင် တစ်ဖက်သားကို ကိုယ့်ခြေဖ၀ါး အောက်ကလို မှတ်ထင်ရ လောက်အောင် မျိုးရိုး ကောင်းကြတာ မျိုးတော့ မဟုတ်ပါ။

ရှေးဘ၀က မထောင်လွှား မတက်ကြွ မာန်မာန မကြီးခဲ့လို့ မြင့်မြတ်တဲ့ အမျိုးဖြစ်ရတာကို အကြောင်းပြုပြီး ယခုဘ၀မှာ ထောင်လွှား တက်ကြွ မာန်မာန ကြီးနေခဲ့ပါလျှင် နောင်ဘ၀ သံသရာမှာ ယုတ်ညံ့ အောက်ကျ သူတစ်ပါးရဲ့ ခြေဖ၀ါးအောက်သို့ ရောက်ရမယ့် အရေးကို အဖန်ဖန်တွေးလို့ မိမိရဲ့ စိတ်ဓာတ်ကို ဖြူဖွေးသန့်စင် မာန်မာန မ၀င်အောင် ပြုပြင်သင့်ပါတယ်။

ဓနမာန်

ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝတာကို အကြောင်းပြုလို့ ဖြစ်ပေါ်လာတဲ့ မာန်မာနမျိုးကို ဓနမာန် (ဥစ္စာမာန်) လို့ ခေါ်ပါတယ်၊ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသူတွေက ပစ္စည်းဥစ္စာ မရှိသူတွေနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူစကား မပြောနိုင်ဘဲ မာန်မာန တက်ကာ အဖက်မတန် သလို ဟန်ကြီးပန်ကြီး လုပ်မနေသင့်ပါ၊ ရှေးက အလှူ ဒါနည်းခဲ့လို့ ယုခုဘ၀မှာ ဆင်းရဲနေကြရတာ ပဲလို့ သနားကြင်နာ ကရုဏာသက်ပြီး သူတို့ကို နှုတ်နဲ့လည်း ကူညီသင့်ပါတယ်၊ ကိုယ်နဲ့လည်း ကူညီသင့်ပါတယ်၊ အခြေနေ အားလျော်စွာ ပစ္စည်းဥစ္စာ နဲ့လည်း ကူညီသင့်ပါတယ်၊ အဲဒီလို ကူညီလိုက်တဲ့ အတွက် မိမိမှာ ဂုဏ်တက် လာစရာသာ ရှိပါတယ်၊ ဂုဏ်ယုတ်စရာ မရှိပါ၊ မိမိမှာ အကြောင်းကိစ္စ ရှိတဲ့ အခါမှာလည်း သူတို့ရဲ့ အကူအညီကို ရနိုင်ပါ သေးတယ်၊ ဒါပေမယ့် သူ့ကျေးဇူးကို မသိတတ်ဘဲ အင်မတန် မိုက်တွင်းနက် နေသူတွေကိုတော့ သတိ ထားသင့်ပါတယ်။

ဒီ ပစ္စည်းဥစ္စာ ဆိုတာဟာ တစ်သက်စာ မျှသာ ဖြစ်ပါတယ်၊ ဘေးအန္တရာယ်လည်း အလွန် များလှပါတယ်၊ ခိုင်မြဲမှု သဘောလည်း မရှိပါ။ ပစ္စည်းသင်္ခါရ လူသင်္ခါရသာ ဖြစ်ပါတယ်၊ တစ်နေ့မှာ ပစ္စည်းဥစ္စာက ဖြစ်စေ၊ ပစ္စည်းဥစ္စာရဲ့ ပိုင်ရှင်က ဖြစ်စေ စွန့်ခွာသွားတတ် ပါတယ်၊ ဒါ့ကြောင့် ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝ သလို နောက်ဘ၀မှာလည်း ချမ်းသာ ကြွယ်ဝအောင် ဥစ္စာမာန် တက်နေမယ့် အစား အလှူဒါနကို စွမ်းအားအလျောက် ပြုလုပ်ကာ ကိုယ့်နောက်ကိုသာ အပါ ယူသွားသင့်ပါတယ်။

ပညာမာန်

စာပေ တတ်ကျွမ်းသူ တွေရဲ့ မာန်ကို စာပေမာန်လို့ ခေါ်ပါတယ်၊ စာပေ ပညာဆိုတာဟာ မသင့်တော်တာကို မသင့်တော်မှန်း သိအောင် အသိအလိမ္မာ ကိုလည်း ပေးတတ်ပါတယ်၊ သင့်တော်တာကို သင့်တော်မှန်း သိအောင် အသိ အလိမ္မာကိုလည်း ပေးတတ်ပါတယ်၊ တစ်ဦးနှင့် တစ်ဦး ပေါင်းသင်း ဆက်ဆံရာမှာ ယဉ်ကျေး သိမ်မွေ့အောင်၊ အဆင်ပြေအောင် အသိ အလိမ္မာကိုလည်း ပေးတတ်ပါတယ်၊ ဒါပေမယ့် ဒီပညာကို အကြောင်းပြုပြီး မာန်မာန ကြီးနေမယ် ဆိုရင် အင်မတန် ရှက်စရာ ကောင်းလှပါတယ်။

ရှေးဘ၀က သူတော်မြတ် တွေကို ချဉ်းကပ် လျှောက်ထား ဆွေးနွေး လာခဲ့တဲ့ အတွက် ဒီဘ၀မှာ မိမိကိုယ်တိုင်က ပညာကြီးသူ ဖြစ်လာရပါတယ်၊ ပညာ သင်ခွင့်လည်း ရခဲ့ပါတယ်၊ ဒီလို အခွင့်သာလို့ ပညာတတ်လာတဲ့ ပုဂ္ဂိုလ်က အကြောင်း မညီညွတ်လို့ ပညာ မသင်ရသူတွေ၊ ပညာ သင်ရစေကာမူ ဥာဏ်ထိုင်းလှတဲ့ အတွက် ပညာ မတတ်သူတွေကို တွေ့ရတဲ့ အခါမှာ မောက်မာမော်ကြွား မာန ထားနေမယ့်အစား သနားကြင်နာ ကရုဏာ ထားသင့်ပါတယ်၊ သို့မဟုတ် အခွင့်အခါ သင့်ပါက တစ်ဆင့် သင်ကြားပေးသင့် ပါတယ်၊ ပညာမာန် တက်ကာ ကိုယ့်ဘ၀ကို မနစ်နာစေသင့်ပါ။

အဆင်းမာန်

အလှဂုဏ် အတွက် မာန်တက်ခြင်းကို အဆင်းမာန်လို့ ခေါ်ပါတယ်၊ ရှေးဘ၀က အစစ အရာရာမှာ သည်းခံကာ အမျက်ဒေါသ နည်းလာခဲ့တဲ့ အတွက်လည်း အဆင်း လှတတ်ပါတယ်၊ ဘုရားဝင်း ကျောင်းဝင်း စသည်တို့ကို သုတ်သင် ရှင်းလင်းခဲတဲ့ အတွက်လည်း အဆင်း လှတတ်ပါတယ်၊ ပန်း စသည်တို့ကို လှူဒါန်းခဲ့တဲ့ အတွက်လည်း အဆင်း လှတတ်ပါတယ်၊ ဒီလို ကုသိုလ် ကောင်းမှုတွေကြောင့် ရလာတဲ့ ကိုယ့်အဆင်းကို အကြောင်းပြုပြီး ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ၊ အလှမာန် တက်ကာ ဘ၀င် မမြင့်သင့်ပါ၊ အလှဂုဏ် ကိုးကာ မဆိုးသင့်ပါ၊ ရှေး ကုသိုလ်ကံကြောင့် ရလာတဲ့ အဆင်းကို အကြောင်းပြုပြီး အကုသိုလ်မာန် တက်နေတာဟာ အင်မတန် မှားတဲ့ ကိစ္စ ဖြစ်ပါတယ်၊ အပြင်အဆင်း လှသလို အတွင်းစိတ်ကို အစွမ်းကုန် ပြုပြင်လို့ ဣနြေ္ဒရှင် သူတော်စင်တွေ ဖြစ်အောင်သာ ကြိုးစားသင့်ပါတယ်။

လိုရင်းမှာ - ရှေးဘ၀က မထောင်လွှား မတက်ကြွ မာန်မာန မကြီးခဲ့လို့ ယခု မြင့်မြတ်တဲ့ အမျိုးမှာ ဖြစ်လာရပါတယ်၊ ရှေးဘ၀က အလှူဒါန ပြုလုပ်ခဲ့လို့ ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝလာရ ပါတယ်၊ ရှေးဘ၀က သူတော် သူမြတ်တွေကို ချဉ်းကပ် လျှောက်ထား ဆွေးနွေး မေးမြန်းလာခဲ့တဲ့ အတွက် ဒီဘ၀မှာ ပညာ ကြီးလာရ ပါတယ်၊ ရှေးဘ၀က အမျက်ဒေါသ နည်းခဲ့၊ ဘုရားဝင်း၊ ကျောင်းဝင်း စသည်ကို သုတ်သင်ခဲ့၊ ပန်း စသည်ကို လှူဒါန်းခဲ့လို့ ယခုဘ၀မှာ အဆင်း လှခဲ့ရပါတယ်၊ ဒီလို မိမိမှာ ကုသိုလ် ကောင်းမှုကြောင့် ရရှိလာတဲ့ အမျိုး၊ ဥစ္စာ၊ ပညာ၊ အဆင်းကို အကြောင်းပြုပြီး မာန်မာန တက်ကြွနေတာဟာ နောင် ယုတ်နိမ့်တဲ့ ဘ၀မှာ ဖြစ်စရာ အကြောင်းပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် နောက်နောက် ဘ၀တွေမှာ အဆင့်အဆင့် မြင့်တက်မယ့် အရေးကို မျှော်တွေးပြီး ထောင်လွှားတက်ကြွ မိမိတို့ရဲ့ မာန်မာနကို အစွမ်းကုန် နှိမ်ချိုးနိုင်ကြပါစေ။ အဖြူရောင်မေတ္တာမှ တဆင့်ကူးယူဖော်ပြပါသည်။

Read more...

မေးထဲရောက်တာလေးကောင်းလို့တင်ပေးလိုတ်တာပါ

>> Saturday, September 19, 2009

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။

တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကိုအိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။

မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်း ထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။

အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။
ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း
ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို
ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့
နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို
ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး
သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို
ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။
ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက
အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။
အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ်
သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။
ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။
သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ
ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။
ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကို

သံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း
သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ်
ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို
ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ
ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ
ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို
အလိုလိုခံစားနိုင်မှာပါ။
ထုံစံအတိုင်း ကော်ပီပေါ့ဗျာ

Read more...

ဝါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း…

>> Thursday, August 6, 2009

မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့ ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။ ဥပမာပြောရရင် သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊ ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊ သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။ ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ အများလက်ခံ ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့ အချက်လေးတွေပါ။ ဒီအလွဲတွေထဲက နောက်တစ်ခုက ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တစ်ခုအပါအ၀င် ဖြစ်နေပြန်ပါပြီ။ ၀ါမ၀င်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ၀ါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများ ဘ၀င်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊ သတ်မှတ်တော်မူခဲ့တာလားလို့ မေးလာသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းလို့ ခေါင်းစဉ်တပ်ကာ ပို့စ်တစ်ပုဒ် ရေးဖြစ်ခဲ့ရပြန်ပါတယ်။

တကယ်တော့ ၀ါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ် ဆိုတဲ့ ၀ိနည်းဥပဒေ ပညတ်သတ်မှတ်ပြီး ချိန်မှသာ ထိုရဟန်းတော်များ ၀ါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို ရည်ရွယ်ပြီး ခေါ်ဝေါ်သုံးစွဲကြတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒီဝါတွင်းဟာ လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။ ရဟန်းတော်များ ၀ါတွင်းသုံးလကာလပတ်လုံး တစ်ခြားတစ်နေရာသို့ ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက်အရာမ်တွင်းမှာပဲ နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေဟာ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဘယ်သူကဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျ ပြောလို့မရတဲ့ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီယုံကြည်ချက်ဟာ ဘုရားဟော မဟုတ်တာကတော့ သေချာပါတယ်။ ပိဋကတ်မှာ ပါတဲ့အချက်လည်း မဟုတ်ပါဘူး။ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်ဆိုရင် ၀ါဆိုဖို့ ပညတ်ချက်တွေ မသတ်မှတ်ချိန်တုန်းက ဘယ်လိုသတ်မှတ်ကြသလဲဆိုတာ စဉ်းစားစရာပါ။ ဘုရားရှင်ဝါဆိုဖို့ ၀ိနည်းဥပဒေ သတ်မှတ်ချိန်ဟာ ဘုရားဖြစ်တော်မူပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်နောက်ပိုင်းမှ ပေါ်ပေါက်ခဲ့တာပါ။ ၀ါတွင်းကာလနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟာ ရဟန်းတော်များအတွက်သာ သီးသန့်ဝိနည်း ဥပဒေထားကာ ပညတ်ချက်ပဲရှိပါတယ်။ လူတွေအတွက် ၀ါတွင်းကာလမှာ ဘာမလုပ်ရဘူး၊ ဘယ်မသွားရဘူး စတဲ့ ဥပဒေ သတ်မှတ်ချက် မရှိပါဘူး။ တစ်ခုတော့ရှိတယ် ဥပုသ်နေ့တွေမှာ ဥပုသ်သီလစောင့် စေလိုတဲ့ ဟောကြားချက်အချို့ရှိပါတယ်။ ဒါကလည်း ၀ါတွင်းကာလမှ မဟုတ်ပါဘူး။ ၀ါတွင်းမဟုတ်တဲ့ အချိန်တွေမှာလည်း ဥပုသ်နေ့များမှာ ဥပုသ်သီလစောင့်လို့ ရပါတယ်။

ဘုရားရှင်ဟာ လူတွေအတွက် ကာမဂုဏ်အာရုံများ နည်းအောင်၊ ကိလေသာများပါးအောင် ကျင့်ကြံနေထိုင်ကြဖို့သာ ဟောကြားလေ့ရှိပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်မပြုရ၊ ပြုရင်ဘာဖြစ်မယ်ဆိုတဲ့ အထူးတလည် ဟောကြားသတ်မှတ်ချက် မရှိပါဘူး။ သာသနာ့ဝန်ထမ်းများကိုတော့ အိမ်ထောင်မပြုရ၊ ကာမဂုဏ်မေထုန် မမှီဝဲရဆိုတာကိုတော့ အထူးသတ်မှတ် ပညတ်တော်မူပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘုရားရှင် အထူးဟောတော်မူတဲ့အချက်က အိမ်ထောင်ပြုပြီး နောက်ပိုင်း အိမ်ထောင်ရေးကို ဘယ်လိုအဆင်ပြေအောင် နေထိုင်ရမယ့်အချက်နဲ့ အိမ်ထောင်ပြုသူ လင်ယောက်ျား ဇနီးမယားတို့ လိုက်နာကျင့်ကြံရမယ့် တာဝန်များ၊ အိမ်ထောင်ရေးကို ထိခိုက်ပျက်ပြားစေမယ့်အပြင် သံသရာပါ ဒုက္ခရောက်စေမယ့် အိမ်ထောင်ရေး ဖောက်ပြန်မှုများကို မပြုလုပ်ကြဖို့ ပညတ်သတ်မှတ်တော် မူပေးတဲ့ အချက်ပဲဖြစ်ပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်ပြုရမယ်၊ ဘယ်အချိန်မှာ အိမ်ထောင်မပြုရဘူး ဆိုတဲ့အချက် မဟုတ်ပါဘူး။

အိမ်ထောင်ပြုမှုဟာ ရှေးပဝေသဏီတည်းက လုပ်ခဲ့ကြတဲ့အလုပ်ပါ။ ဘုရားရှင်လက်ထက်မှာလည်း အိမ်ထောင်ပြုကြပါတယ်။ အရိယာ ပုဂ္ဂိုလ်များဖြစ်တဲ့ သောတာပန်မှစပြီး အနာဂါမ်အထိ သူတော်စင်တွေလည်း အိမ်ထောင်ပြုကြပါတယ်။ ဘုရားလက်ထက်က လူသန်းပေါင်း ၇၀လောက်ရှိတဲ့ သာဝတ္ထိမြို့ကြီးဟာ အရိယာပုဂ္ဂိုလ်ချည်းပဲ သန်းပေါင်း ၅၀ခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒီသာဝတ္တိမြို့သူ မြို့သားတွေဟာလည်း အိမ်ထောင်ပြုကြပါတယ်။ ဒါပေမယ့် သူတို့အိမ်ထောင်ပြုမှုဟာ ၀ါတွင်းကိုရှောင်ပြီး ပြုတယ်ဆိုတာကို ဗုဒ္ဓစာပေမှာ အထူးဖော်ပြတာ မရှိကြပါဘူး။ သူတို့အဆင်ပြေ သင့်လျော်ချိန်မှာ ပြုကြမှာပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ၄၅နှစ်ပတ်လုံး အိန္ဒိယနိုင်ငံတစ်ဝှန်း လှည့်လည်သီတင်းသုံးတဲ့ အချိန်ဟာ သာဝတ္ထိမြို့မှာ သီတင်းသုံးချိန်က ပိုများပါတယ်။ ဒီလို ဘုရားရှင် သီတင်းသုံးချိန်များပြီး အရိယာသူတော်စင် အများဆုံးရှိတဲ့ သာဝတ္ထိမြို့မှာ သတ်မှတ်ပညတ် ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေဟာလည်း အများကြီးပါ။ အိမ်ထောင်ပြုမှုနဲ့ ပတ်သက်လို့ ကာလသတ်မှတ် ဟောကြားချက်ရှိခဲ့မယ်ဆိုရင် သာဝတ္ထိမြို့သားတို့ရဲ့ အိမ်ထောင်ပြုခြင်း အကြောင်းတွေလည်း စာပေမှာ အများကြီးတွေ့နေရမှာပါ။ ဒါပေမယ့် မရှိခဲ့ပါဘူး။ ဘုရားရှင်ဟာ လူတွေအတွက် အိမ်ထောင်ပြုမှု၊ မပြုမှု၊ အိမ်ထောင်ပြုသင့်တဲ့ ကာလ၊ မပြုသင့်တဲ့ ကာလတွေထက် အိမ်ထောင်တစ်ခုရဲ့ အဆင်ပြေမှု မပြေမှုတွေကို ပိုပြီးဦးစားပေးပါတယ်။ အိမ်ထောင်ရှင် နှစ်ဦးတို့ရဲ့ အိမ်ထောင်ရေးခိုင်မြဲဖို့ လိုက်နာသင့်တဲ့ ကျင့်ဝတ်များကိုသာ ဦးစားပေးဟောတော်မူပါတယ်။

ဒီလိုဆိုရင် ဘုရားဟောမဟုတ်တဲ့ ဒီဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ သတ်မှတ်ချက်ဟာ မြန်မာပြည်မှာ ဘာကြောင့် လေးလေးနက်နက် ရှိနေကြတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအချက်ကတော့ ရှေးအစဉ်လာကတည်းက အရိုးစွဲလာခဲ့တဲ့ အချက်တွေဖြစ်နိုင်ပါတယ်။ ရှေးကလူကြီးသူမများဟာ ဘုရားသာသနာကို အလွန်သတ်ဝင် ယုံကြည်ကြပြီး ဘာသာရေးကို အထူးအလေးထားတဲ့ သူများဖြစ်ကြပါတယ်။ ရဟန်းတော်များဝါတွင်းကာလ ၀ါဆိုဝါကပ်ပြုကြတဲ့ အချိန်မှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ လူတွေအနေနဲ့လည်း ကာမဂုဏ်အာရုံများနဲ့ ဆက်စပ်နေတဲ့ ဒီအိမ်ထောင်ပြု သားမွေးခြင်း ကိစ္စများကို မလုပ်ကြဘဲ တစ်နှစ်ပတ်လုံး အလုပ်များနဲ့သာ အချိန်ကုန်နေပြီး မိုးတွင်းကာလမှာသာ အနားရကြတဲ့ အချိန်လေးမှာ ကုသိုလ်ကောင်းမှုများ များများလုပ်ဖြစ်ကြဖို့ ကြိုးစားအားထုတ်ရင်း ၀ါတွင်းကာလမှာ အိမ်ထောင်ပြုခြင်းကို အထူးတလည် မပြုလုပ်ကြခြင်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက် စဉ်းစားမိတာက ၀ါတွင်းကာလဟာ မိုးရာသီကာလ ဖြစ်တဲ့အတွက် မင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်ဖို့အတွက် မိုးအဆက်မပြတ်ရွာမှုက အခက်အခဲဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုဖြစ်စေသလို မိုးရာသီကာလ သီးနှံစပါး စိုက်ပျိုးထားချိန်များဖြစ်လို့ စားဝတ်နေရေးအရလည်း အခက်အခဲ ဖြစ်နိုင်တဲ့အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်ကာလ အိမ်ထောင်ပြုခြင်းကို မပြုလုပ်ကြဘဲ ရှောင်ကြဉ်ကြတာဖြစ်နိုင်ပါတယ်။ ဒီအစဉ်အလာများဟာ အခုခေတ်ရောက်လာတဲ့ အခါမှာတော့ ဗေဒင်ယတြာ ဓာတ်ရိုက်ဓာတ်ဆင် ဆရာများရဲ့ လက်ချက်ကြောင့် ၀ါတွင်းကာလ အိမ်ထောင်ပြုရင်ပဲ တစ်ခုခုဖြစ်နိုင်သလို၊ အိမ်ထောင်ရေးပဲ မတည်မြဲတော့သလို၊ တစ်ခုခုပဲ ထဖြစ်တော့မလို ပြောဆိုဟောပြောလာကြရာက ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အစဉ်အလာ ယုံကြည်မှုကြီးက လွှမ်းမိုးသက်ရောက် လာခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ ဘယ်အချိန် အိမ်ထောင်ပြုပြု အိမ်ထောင်ပြုသူ နှစ်ဦးရဲ့ အနေအထားကိုလိုက်ပြီး အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှုဆိုတာ ဖြစ်ကြတာပါ။ ၀ါတွင်းကာလ အိမ်ထောင်ပြုမိလို့ အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှု ဖြစ်ရတယ်ဆိုတာမျိုး မရှိပါဘူး။ ၀ါပမှာ အိမ်ထောင်ပြုသူတွေလည်း အိမ်ထောင်ရေး ပြဿနာတွေ အများကြီး ရှိနေကြပါတယ်။ အဓိကကတော့ တာဝန်ကိုယ်စီကျေပွန်ပြီး အကျင့်သီလ ကောင်းမွန်နေမှုကသာ အဓိကဖြစ်ပါတယ်။ ဘယ်အချိန် အိမ်ထောင်ပြုမှုက အဓိကမကျပါဘူး။ ဒါပေမယ့် အရိုးစွဲနေတဲ့ ယုံကြည်မှုဟာ အလွန်အမတန် ဖျောက်ဖို့ခက်လှပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံ တစ်ဝှန်းလုံးလိုလို ၀ါတွင်းကာလ အိမ်ထောင်ပြုမှုကို ရှောင်ကြတာ များပါတယ်။ ဒါကို ဆန့်ကျင်ပြီး ဖောက်ထွက်ဖို့က အချိန်အများကြီး ယူရမယ့်အနေအထား ရှိပါတယ်။ နောက်တစ်ချက်က ဒီလို အိမ်ထောင်ပြု သားမွေးကိစ္စမျိုးဆိုတာဟာလည်း ဗုဒ္ဓဘာသာရဲ့ လွတ်မြောက်ရေးအရ ကြည့်ရင်အရေးကြီးတဲ့ အချက်မဟုတ်ပါဘူး။ ကာမဂုဏ်အာရုံကို အားပေးတဲ့ သဘောမျိုးလည်း သက်ရောက်ပါတယ်။ ဒါကြောင့်လည်း ဒီလို ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အယူကြီး ရှိနေကြပေမယ့် ရဟန်းတော်များဘက်ကရော လူကြီးသူမများဘက်ကပါ အထူးတလည် အရေးပေးပြီး ပြောဆိုတွန်းလှန်ခြင်း မပြုကြခြင်း ဖြစ်နိုင်ပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်မပြုရတဲ့ အတွက် သံသရာဒုက္ခဖြစ်စေတဲ့ အလုပ်မဟုတ်နိုင်လို့ ဒီအပေါ်မှာ အထူးအလေးထားခြင်း မရှိကြခြင်း ဖြစ်ပါတယ်။ တစ်ဘက်ကလည်း ဗုဒ္ဓဘာသာ ယုံကြည်မှု အားကောင်းလှတဲ့ မြန်မာနိုင်ငံဟာ သံဃာတော်များ အလေးအနက်ထားရာ ၀ါတွင်းကာလမှာ သာသနာ့ဝန်ထမ်းတွေတောင် ဒီလိုနေကြတာမဟုတ် ဗုဒ္ဓဘာသာဝင်များလည်း အိမ်ထောင်ပြု သားမွေးခြင်းများကို ရှောင်ကြဉ်ကြတယ်ဆိုတဲ့ အချက်ဟာ အကောင်းဘက်ကကြည့်ရင် ဂုဏ်ယူစရာ ကောင်းလှတဲ့အချက်ပါ။ ဒါပေမယ့် ဒီအချက်က ဘုရားဟောလို့၊ ဗေဒင်ယတြာဆရာတွေက ပြောလို့ အိမ်ထောင်မပြုကြဘူးလို့ နားလည်သတ်မှတ် ပြောဆိုကြတယ်ဆိုရင်တော့ မကောင်းပါဘူး။ ဘုရားရှင်အနေနဲ့ ၀ါတွင်းကာလ အိမ်ထောင် မပြုရဘူးဆိုတဲ့ အချက်ကို လုံးဝဟောကြားတော် မမူပါဘူး။ ဒီလို ဘုရားဟော မဟုတ်တာကို ဘုရားဟောသလိုမျိုး ပြောဆိုသတ်မှတ်ကြရင်လည်း အပြစ်ဖြစ်ကြပါတယ်။
ဒီနေရာမှာ ၀ါတွင်းကာလ အိမ်ထောင်မပြုခြင်းကို ဘုရားဟောလို့ မပြုတာလို့ မမှတ်ကြဘဲ ၀ါတွင်းကာလ အခိုက်အတန့်လေးမှာ ကိလေသာ အာရုံကာမဂုဏ်များ နည်းနေစေဖို့နဲ့ ကုသိုလ်ကောင်းမှုများ များများလုပ်ခွင့် ရစေဖို့ အိမ်ထောင်ပြုခြင်းကို မပြုကြခြင်း ဖြစ်တယ်လို့ လက်ခံယုံကြည်လိုက်ကြရင် အလွန်ကောင်းပါတယ်။ သေချာတာကတော့ ၀ါတွင်းကာလမှာ လူတွေလည်း အိမ်ထောင်မပြုရ၊ မေထုန်မပြုရ၊ ရှစ်ပါးသီလပဲ ဆောက်တည်ပြီး နေရမယ်ဆိုတာ သတ်မှတ်ဟောကြားချက် မရှိပါဘူးဆိုတာပါ။ မိမိတို့အနေဖြင့် ၀ါတွင်းကာလ အိမ်ထောင်ပြုလိုကလည်း ပြုနိုင်ကြပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်ပြုလို့ အပါယ်ငရဲ လားရတယ်ဆိုတာ မရှိပါဘူး။ အိမ်ထောင်ကျပြီး အိမ်ထောင်ရေးဖောက်ပြန်လို့ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်လို့ အပါယ်ငရဲ လားရတာပဲ ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းသည် ဘာမှမသက်ဆိုင်တဲ့ အတွက် ဘုန်းကြီးတွေရဲ့ ၀ါဆိုချိန်ကြောင့် တို့တွေအိမ်ထောင်ပြုရေးကို ထိခိုက်တယ်ဆိုတာ မတွေးကြဖို့နဲ့ အိမ်ထောင်ပြုလိုက ၀ါတွင်းဝါပ အဓိကမကျဘဲ အိမ်ထောင်ကျပြီး နောက်ပိုင်းအိမ်ထောင်ရှင်နှစ်ဦးတို့ရဲ့ တာဝန်ကျေမှုနဲ့ အိမ်ထောင်ရေး မဖောက်ပြန်မှုကသာ အဓိကကျပါကြောင်း ထပ်လောင်းတင်ပြလိုက်ရပါတယ်။

အကျဉ်းမျှသာ (Summary only)...

Read more...

မေးထဲရောက်တာလေးကောင်းလို့တင်ပေးလိုတ်တာပါ

>> Saturday, May 16, 2009

၁) သံပရာပင်

သစ်ပင်တစ်ပင်ရှေ့ ကိုယ်အမြဲဖြတ်တယ်။ အဲဒီသစ်ပင်မှာ တစ်ခြားသစ်ပင်လိုပဲ
စိမ်းစိုတဲ့ သစ်ရွက်တွေရှိတယ်။ ပန်းပွင့်တွေရှိတယ်။ အဲဒီသစ်ပင်က ကိုယ့်အတွက်
ဘာမှမထူးခြားလို့ သတိမထားခဲ့မိဘူး။ ဒါပေမယ့် တစ်ရက်မှာ အဲဒီသစ်ပင်ရှေ့
ကိုယ်ရုတ်တရက် ရပ်လိုက်မိတယ်။ မရည်ရွယ်ဘဲ အပင်ပေါ်က အရွက်တစ်ရွက်ကို ဆိတ်ပြီး
ချေမွကြည့်တယ်။ တခဏအတွင်း သင်းပျံ့တဲ့ ရနံ့တစ်ခု လေထဲ လွင့်ဝဲလာခဲ့တယ်။
မွှေးကြိုင်တဲ့ရနံ့ကို
ကိုယ်ရှုရှိုက်မိပြီး ဒီသစ်ပင်ဟာ သံပရာ(ရှောက်)ပင် ဆိုတာ ကိုယ်သိလိုက်တယ်။
ကိုယ့်ပတ်ဝန်းကျင်လေထုမှာ
သံပရာရနံ့က သင်းပျံ့မွှေးကြိုင်နေခဲ့တယ်။ နောင်နောက် သစ်ပင်ရှေ့ ကိုယ်ဖြတ်တိုင်း
အဲဒီသစ်ပင်က အရင်ကလို ကိုယ့်အတွက် အဓိပ္ပါယ်မဲ့ မနေခဲ့တော့ဘူး။

သံပရာပင်ကို ချည်းကပ်သလိုမျိုး အရင်က ကိုယ်တကယ် မသိ၊ နားမလည်ခဲ့တဲ့
သူငယ်ချင်းတွေကို ချည်းကပ်ပါ။ သူတို့ဆီကနေ မွှေးကြိုင်တဲ့ရနံ့တွေ
ထွက်လာနိုင်ပြီး ကိုယ်တို့ကြားမှာ လွင့်ဝဲနိုင်ပါလိမ့်မယ်။

(၂) ကော်ဖီ

မနက်အိပ်ရာထတိုင်း ကော်ဖီခါးခါးတစ်ခွက်က ကိုယ့်အတွက် မရှိမဖြစ်ပါ။ ကော်ဖီတွေ
လည်ချောင်းတစ်လျှောက် စီးဆင်းသွားမှ ကိုယ့်ဦးနှောက်တွေ ကြည်လင်လာတယ်။

ကော်ဖီသောက်သလိုပဲ.....
ခါးသီးတဲ့ အတွေ့အကြုံ၊ အခက်အခဲတွေနဲ့ ကြုံခဲ့ဖူးမှ ကိုယ့်အတွေးတွေ
ကြည်လင်လာနိုင်တယ်။ အမှားအမှန် ခွဲခြားလာနိုင်တယ်။ စိတ်ထိခိုက်
နာကျင်ခံစားဖူးမှ ကြံ့ခိုင်မှုကို သင်ယူနိုင်တယ်။ ဒါကြောင့်
ထိခိုက်နာကျင်ခဲ့သမျှကို အထက်တန်း ကော်ဖီမှုန့်လို့ သတ်မှတ်ပြီး
စဉ်းစားဆင်ခြေဥာဏ်ဆိုတဲ့ ရေပူပူထဲ ထည့်ဖျော်လိုက်ပါ။ အဲဒီကော်ဖီခါးနဲ့
ကိုယ့်ဦးနှောက်၊ ကိုယ့်အတွေးအိမ်ကို ကြည်လင်ပါစေ။

(၃) ရေမွှေး

ကိုယ်ဟာ ရေမွှေးတစ်ပုလင်း ဆိုပါစို့။ ဘယ်လိုရေမွှေးနံ့မျိုး ဖြစ်ချင်သလဲ?
ခပ်သင်းသင်းရနံ?
လတ်ဆတ်ကြည်လင်တဲ့ ရနံ့?
စွဲမက်ငြိတွယ်တဲ့ရနံ့?
ဒါမှမဟုတ် စူးရှတဲ့ရနံ့?
ဘယ်လိုရနံ့မျိုးကို ကိုယ်ကြိုက်သလဲ? ကိုယ်ကိုယ်တိုင် ဖော်စပ်သူ လုပ်နိုင်ပါတယ်။
သိမ်မွေ့နူးညံ့တဲ့ ရနံ့ထဲ ရွတ်နောက်နောက် ရနံ့ရောထည့်မလား?
ပေါ့ပေါ့ပါးပါးရနံ့ကို နေ့လယ်သုံးပြီး လျှို့ဝှက်တဲ့ရနံ့ကို ညမှာသုံးမလား?

လူ့ဘဝကလည်း ရေမွှေးပုလင်းလိုပဲ..
ရေမွှေးရဲ့ ထူးခြားချက်က ဖော်စပ်သူရဲ့ လက်ထဲမှာရှိသလို ကိုယ့်ရဲ့ အကျင့်စရိုက်က
ကိုယ့်လက်ထဲမှာပဲ ရှိတယ်။ ဒါကြောင့် ကိုယ့်ရဲ့စိတ်သဘောထားတွေကို လူတွေအပေါ်
လတ်ဆတ်ကြည်လင်၊ စွဲမက်အောင် ကောင်းကောင်းဖော်စပ် (ပြုပြင်)သင့်တယ်။
လူတွေနှစ်သက်တဲ့
ရေမွှေးတစ်ပုလင်းဖြစ်အောင် နေထိုင်သင့်တယ်။

(၄) ခေါင်းလျှော်

သည်းသည်းမည်းမည်း ရွာတဲ့ဒီမိုးကြောင့် အချိန်အတော် လင့်ခဲ့ရတယ်။
အဝတ်အစားတွေလည်း မခြောက်သေးဘူး။ စိတ်လည်း စိုထိုင်းလို့....

လာ.... စိတ်လန်းဆန်းတဲ့ နည်းတစ်ခု ပြောပြမယ်....

ရေနွေးတစ်ဇလုံထည့်ပြီး ခေါင်းလျှော်ပါ။ ခေါင်းထဲက စိတ်မချမ်းမြေ့စရာတွေကို
အဖြူရောင် အမြုပ်ဖြစ်အောင် လျှော်ဖွပ်လိုက်ပါ။ ပြီးတော့ ရေနွေးနဲ့
ဆေးချလိုက်ပါ။ စိတ်ကို ကပ်ကပ်စီးစီးဖြစ်စေတဲ့ အရာတွေ ရေတွေကတစ်ဆင့်၊ ရေမြောင်း၊
ရေချောင်းထဲ စီးဆင်းသွားပါစေ... အဲဒီနောက် ပြတင်းပေါက်ဘေးမှာ ထိုင်ပြီး
သန့်သန့်ရှင်းရှင်း ဖြစ်သွားပြီဖြစ်တဲ့ ခေါင်းကို ဖြီးလိုက်ပါ။
ခေါင်းသားကနေတစ်ဆင့်
ဦးနှောက်ထဲက အတွေးတွေပါ သန့်ရှင်းကြည်လင်သွားပြီ ဖြစ်ကြောင့်
သင်ခံစားမိလိမ့်မယ်။

(၅) ရေနွေးကြမ်း

အဲဒီရေနွေးကြမ်းတစ်ခွက်က မသောက်ဘဲ ကြာကြာထားလို့ အေးသွားခဲ့ပြီ။ အေးစက်တဲ့
ရေနွေးကြမ်းမှာ မွှေးကြိုင်တဲ့ လက်ဖက်ခြောက်နံ့ မရှိတော့ဘူး။ ရေနွေးအိုး
သံချေးနံ့ပဲ ရတော့တယ်။ အဲဒီလို အေးစက်တဲ့ ရေနွေးကြမ်းတစ်ခွက်ကို
ကိုယ်သောက်ချင်တော့မှာ မဟုတ်ဘူး။

အဲဒီလိုပဲ အသည်းနှလုံးတစ်ခု ကြာကြာလျှစ်လျှူရှူခံရရင် တဖြေးဖြေး
အေးစက်သွားတတ်တယ်။ အေးစက်တဲ့ နှလုံးသားတစ်ခု ပြန်နွေးထွေးဖို့က ခက်တယ်။
ပြန်နွေးထွေးခဲ့သည်ထားဦး အရင်ကလိုကြင်နာတဲ့ နှလုံးသားတစ်ခု မဟုတ်တော့ဘူး။

အေးစက်သွားတဲ့ အခြေအနေ၊ ဆက်ဆံမှုတစ်ခု နဂိုအတိုင်း ပြန်ဖြစ်ဖို့
လုပ်လို့ရနိုင်မလား?

ပြန်ဖြစ်ချင်ရင် အသစ်ကနေပဲ ပြန်စလို့ ရနိုင်တော့မယ်။ စိတ်သဘောထားအသစ်၊
အကျင့်စရိုက်အသစ်နဲ့ နှစ်ဦးကြားက ဆက်ဆံမှုအသစ်တစ်ခုကို စတင်ရလိမ့်မယ်။ ဒါပေမယ့်
သူ့နှလုံးသားကို ကိုင်လှုပ်နိုင်၊ မလှုပ်နိုင် မသေချာလှဘူး။

အေးစက်တဲ့ ရေနွေးကြမ်းတစ်အိုးလုံးကို သွန်ပြီး .. .. အသစ်ထပ်လဲလိုက်သလိုပေါ့။

(၆) မေ့လျော့

တစ်ခါတလေ မေ့လျော့တာက ကိုယ်ကို ပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာပေးတယ်။

ဘယ်အချိန်မှာ သယ်ဆောင်ပေးနိုင်သလဲ?

တစ်ယောက်ယောက်က ကိုယ့်ကို ထိခိုက်နာကျင်အောင် လုပ်တဲ့အချိန်..
အဲဒီနာကျင်ခြင်းတွေကို မေ့ထားလိုက်ပါ။ ကိုယ့်ကို ထိခိုက်နာကျင်အောင် လုပ်သူက
ကိုယ့်ကို မလိုမုန်းထားလို့ဖြစ်တယ်။ အဲဒီထိခိုက်တာကို စိတ်ထဲထားပြီး
တမြေ့မြေ့ခံစားနေတာက ကိုယ့်ကိုကိုယ် နှိပ်စက်နေတာဖြစ်တယ်။ သူက
ကိုယ့်ကိုထိခိုက်နာကျင်အောင် လုပ်ခဲ့ပြီပဲ ဘာဖြစ်လို့ အဲဒီနာကျင်တာကို
စိတ်ထဲထားပြီး သူကိုယ့်အပေါ် ပြုမှုခဲ့တာကို တသသနဲ့ ခံစားနေဦးမလဲ!

ဒါကြောင့် မှတ်ဥာဏ်မကောင်းသူက တစ်ခြားလူထက် ပိုပျော်ရွှင်ကြသလို
လူများတွန်းတိုင်းလဲသူ မဟုတ်ခဲ့ဘူး။

(၇) ကြည့်မှန်

ကြည့်မှန်က ကိုယ်နဲ့ မိတ်ဆွေသူငယ်ချင်းလား? ရန်သူလား?

မှန်ကိုကြည့်တဲ့အချိန် ကိုယ့်ကို ချစ်စရာကောင်းတယ်လို့ ထင်လား?
ရွံ့မုန်းစရာကောင်းတယ်လို့ ထင်လား? မှန်တစ်ချပ်ကို ယူပြီး သေချာကြည့်ပါ။
ပြီးတော့ ကိုယ့်ရဲ့အလှဆုံးအပြုံးကို ပြုံးပြီး မှန်ထဲကအရိပ်ကို "နင်အရမ်းလှတယ်၊
နင်ယုံကြည်မှုရှိတယ်။ စိတ်မပူပါနဲ့... အရာအားလုံးကို ဒီနေ့မှာ အဆင်ပြေပြေ
ကျော်ဖြတ်မယ်" လို့ ပြောပါ။

တကယ်ပဲ.. ကိုယ့်ကိုယ်ကို နှစ်သက်ရင် ဘယ်အရာမှ ခက်ခဲတယ်ဆိုတာ မရှိပါဘူး။
နိုင်းနိုင်းစနေကလို့ပြောတာပဲဗျာ

Read more...

SRI LANKA – the land of the Dhamma

>> Saturday, May 9, 2009

“Sri Lanka, popularly known as the land of the Dhamma enjoys the rare distinction of preserving the Buddha’s doctrine in its pristine form”, writes our guest columnist penning a brief history of Sri Lanka exclusively for Dhammanet. This short article gives the reader a bird’s eye view of Sri Lankan Buddhist heritage, highlighting the historical significance she has played in preserving Buddhism for posterity.

---full text of the article---
Sri Lanka, popularly known as the land of the Dhamma enjoys the rare distinction of preserving the Buddha’s doctrine in its pristine form.The island formally received Buddhism in the third century B.C, as a result of the Indian Emperor Asoka’s missionary activity. His son Arahant Mahinda visited Sri Lanka and preached the Buddha’s doctrine in the native language. And it is said that before his demise the local literature on the new doctrine was so large that if all the manuscripts were heaped together, it would reach the height of seven well grown elephants standing one on top of the other. The numerous archaeological sites and cave inscriptions testify to the rapid spread of Buddhism throughout the island during this initial stage

The Great Chronicle- Maha Vamsa says that the Buddha visited Sri Lanka on three occasions and preached the Dhamma. Hence it is quite possible that Buddhism was known and followers were there in Sri Lanka long before the arrival of Arahant Mahinda. That, perhaps, explains the rapid spread of Buddhism throughout the island in this early period.

Even though the Dhamma was expounded in Sinhala, the language of the island, the discourses themselves were preserved in their original language Pali or Magadhi used in Buddha’s time. It was a continuation of the oral tradition prevalent during the Buddha’s time and formalize after the first Buddhist Council held three months after the parinibbana of the Buddha. In Sri Lanka a number of schools specializing in the different sections of the Tri Pitaka faithfully preserved this oral tradition along with their commentaries compiled in the Sinhala language. As such, the Budddhist world recognized Sri Lanka as the land where pure Buddhism prevailed and always looked up to her for inspiration and guidance.

However in the following centuries, recurring invasions, political upheavals and a seven year famine during which a large number of learned monks died and many fled the country, made the veteran monks realize the need to make permanent record of the doctrine. So, in the first century B.C during King Walagamba’s reign, a Buddhist Council of 500 monks was held in Alulena in the Central Malaya Hills and the scriptures were written down for the first time in history.

Since then, Sri Lanka has been looked up to as the country where Buddha Dhamma in its pristine purity prevails and whenever there was dissention or controversy on doctrinal matters Sri Lanka’s help was sought. In India when Hinduism revived leading to the rise of different Buddhist schools the scholar monks turned to Sri Lanka.For example Acharya Buddhaghosha, the Great Commentator came to SRI Lanka in the 5th century in search of the original scriptures and their Sinhala commentaries. He translated the Sinhala commentaries into Pali, the language of Buddhism and compiled a number of books including the Visuddhi Magga, a treatise on Abhidhamma and carried a large number of books on his way back to India and then to Burma. Similarly, King Anoratha of Burma, in the 11th century, when he got the Tri Pitaka inscribed for the first time in the Burmese script, sent four of his ministers to compare it with the genuine version preserved in Sri Lanka. In the 15th century King Dhammaceti also of Burma, sent monks to Sri Lanka for re-ordination, because Sri Lank was considered to be the country where the true faith flourished. Then again, King Rama Kingheng, the son of the first Thai King Phra Ruang, sent a mission to Sri Lanka to get a Sinhala Mahathera to establish a pure Sangha in Thailand. His grand son King Dhammarja I in the 14th century, followed his grand father by getting down another prelate from Sri Lanka.

In the time of King Parakramabahu I, the prestige of Sri Lanka as the seat of pure Buddhism spread throughout the Buddhist world, especially among countries like Burma, Thailand and Laos where the Theravada prevailed. With the revival of Hinduism, the emergence of various Mahayana sects and the invasions of the Muslims, Buddhism suffered heavily. It almost, disappeared from India; in China, Japan and Cambodia, Mahayana prevailed and the Indonesian and Malaysian countries became predominantly Muslim. Sri Lanka too came under foreign domination in the early 16th century and in spite of persecutions and forced conversions under the Portuguese and the Dutch, Sri Lanka remained a predominantly Theravada Buddhist country.

With independence in mid 20th century Sri Lanka re-emerged as a flourishing Buddhist country celebrating in 1956, the Buddha Jayanthi- commemorating the 2500th anniversary of the parinibbana of the Buddha. In that year she participated in the sixth World Buddhist Convention held in Burma, where the Tri Pitaka was inscribed on 720 marble slabs. In Sri Lanka, the translation of the Tri Pitaka into Sinhala was inaugurated b y the government in the same year. But, the translators, out of their deep respect for the Dhamma used a high flown language for the translation and the 54 volumes remained the preserve to the elite and the common man was left without access to the original words of the Buddha.

However, half a century of colonial independence has brought about enormous political and social changes in the country and now there seems to be resurgence in Buddhist activity in Sri Lanka. The number of Dhamma schools has increased along with the number of students attending them. Some of the Sunday Dhamma Schools have an attendance of over 2000 students, testifying to the fact that young people are now taking to Dhamma in a big way. Large temples, huge Buddha Images, secluded Forest Monasteries, are being built in most parts of the country. A new breed of learned monks and laymen have taken upon themselves the task of bringing the Buddha Vachana- Buddha’s Words within the easy reach of the ordinary man. They make use of the new technologies associated with the radio, TV and the Internet. Books on various aspects of Buddhism appear regularly and are available in book stalls set up in temples usually frequented by a large number of devotees. About a decade ago this was a rarity. Even popular Buddhist texts were shelved in the temples and available only for veneration. The number and scale of Buddhist festivals and celebrations not only in the historic cities of Anuradhapura, Polonnaruwa and Kandy but also in the newly developing cities like Colombo, Kurunegala and Matara, have increased. With the decreasing threat of terrorist activity and the increasing political stability, the government has rightly accepted the responsibility for the protection of Buddhism- as it has always been the case-and is now making elaborate preparations to celebrate the 2600th anniversary of Buddha’s attainment of Enlightenment, which falls due on the Wesak Poya Day in 2011.
Copy from Dhammanet.com

Read more...

ဦးသော်မေးလို့ လယ်တီဖြေ

မန္တလေးမြို့ ပညာရုံးစရေးကြီး ဦးသော် မေးလို့ လယ်တီဆရာတော်ဘုရားကြီးဖြေထားတဲ့ အဖြေကို ဆရာတော်အရှင် အာဒိစ္စရံသီ(ဆရာဦးဆန်းလွင်)ရဲ့ ဉာဏ်လမ်းပေါ်လျှေက်လူတစ်ယောက် အကြောင်းစာ အုပ်မှ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။ ဆရာတော်က ဗုဒ္ဓဘာသာဝင်ဖြစ်သူတွေကို အဆင့်အတန်း ၄-မျိုးခွဲခြားဖော်ပြထားတာ တွေ့ရပါတယ်။

မစ္ဆာဒိဋ္ဌိ အယူရှိသော တစ်ယောက်သောသူသည် မိမိ၏ မိစ္ဆာအယူကိုစွန့်၍ အဘယ်သို့သော ဗုဒ္ဓ ဘာသာတရားအတိုင်း လိုက်နာကျင့်ကြံနိုင်မှ ဗုဒ္ဓဘာသာဝင်ဟု ခေါ်ထိုက်သနည်း

၁) ဒသဝတ္ထုက ကမ္မသကတဉာဏ် အမြင်စင်ကြယ်၍ ပိဋိစ္စသမုပ္ပာဒ် တရားတို့ကို လိုက်နာနိုင်မှ ဗုဒ္ဓဘာသာဝင် ဟူ၍ ခေါ်ထိုက်သည်။ (ဒသဝတ္ထုက ဆယ်မျိုးကတော့ သိချင်ရင်တော့ ဖော်ပြပါ စာအုပ် စာမျက်နှာ (၄၄) မှာဖတ်ပါ။ ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေကို သွားပြောရင်တော့ အချို့ကိစ္စတွေက ကျွန်တော်တို့တတွေ ထာဝရဘုရားတို့၊ ဖန်ဆင်းရှင်တို့၊ ကယ်တင်ခြင်းတို့ မယုံနိုင်သလို သူတို့အနေနဲ့လည်း မယုံကြည်နိုင် ဖြစ်လိမ္မယ်ထင်တယ်။ ပဋိစ္စသမုပ္ပာဒ် တရားတော်ကတော့ ဗုဒ္ဓဘာသာဝင်တွေရော ဘာသာခြားတွေပါ သိပ်ငြင်းစရာ မရှိလောက်ပါဘူး။ နက်နဲတဲ့ ဒေသနာဖြစ်လို့ အတွေးအခေါ် ဉာဏ်လေးတော့ အားစိုက်ဖို့လိုပါလိမ္မယ်။)

၂) မိစ္ဆာဒိဋ္ဌိဟူသမျှသည် ပဋိစ္စသမုပ္ပာဒ်ပညာ မရှိသူတို့၌သာ ဖြစ်နိုင်၏။ ပဋိစ္စသမုပ္ပာဒ်ကို ဓာတ်ကွဲအောင် ဓာတ်ပေါက်အောင် မြင်နိုင်သော ပညာသည် အလွန်လိုအပ်၏။ ထိုသူသည် ဗုဒ္ဓသာသာဝင် အလတ်စားဖြစ်၏။ (ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ စသော ဓာတ်သဘော ခွဲခြားပြထားသော တရားတော်များကို ကောင်းစွာနားလည်သူမှသာ အလတ်စား ဗုဒ္ဓဘာသာဝင်ဖြစ်တယ်- လို့ ဆိုလိုခြင်းဖြစ်ပါလိမ္မယ်။ ပဋိစ္စသမုပ္ပာဒ်ဒေသနာ မလေ့လာရသေးရင်တော့ အလတ်စားဖြစ်ဖို့ ဝေးပါဦးမယ်။ ယနေ့ခေတ် လူငယ်အများစုကတော့ မိုးကုတ်ဆရာတော်ကြီးရဲ့ စက်ဝိုင်းဒေသနာကို တွေ့ရင် မလေ့လာပဲ နားမလည်ပါဘူး ပြောသူတွေ များနေသေးတယ်လို့ ထင်ပါတယ်။)

၃) ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ် (သစ္စာဉာဏ်) ကိုရသော ပုဂ္ဂိုလ်ဖြစ်မှသာ ထိုပုဂ္ဂိုလ်သည် ဗုဒ္ဓဘာသာဝင် အကြီးစာ ဖြစ်၏။ (လေ့လာထားသော အသိကို အသိအတိုင်း မထားဘဲ လက်တွေ့ကျင့်တဲ့ ဝိပဿနာ အလုပ်ကို လုပ်မှသာ အကြီးစား ဗုဒ္ဓဘာသာဝင် ဖြစ်ပါလိမ္မယ်။)

၎) သစ္စာလေးပါးကို ပေါက်ရောက်ပြီးသော သောတာပန် ပုဂ္ဂိုလ်ဖြစ်မှသာ ပရမတ္ထ ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်ပါတယ်။ ( လေ့လာခြင်း လမ်းမှန်ပါမှ၊ လက်တွေ့လည်း အားထုတ်ပါမှ ပရမတ္ထအဆင့်ကမျှော်ကိုးလို့ ရနိုင်ပါလိမ္မယ်။)

(အငယ်စား ဗုဒ္ဓဘာသာဝင်များမှာ တစ်နေ့တစ်ရက်မှ စိတ်မချရ။ ဒီနေ့ဗုဒ္ဓဘာသာ မနက်ဖြန် ဘာသာခြားဖြစ်သွားနိုင်သည်။ အလတ်စား အကြီးစားတို့မှာ တစ်ဘဝတာအတွက်တော့ စိတ်ချရသည်။ ပရမတ္ထဗုဒ္ဓဘာသာဝင်များကတော့ မစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်များက ဗုဒ္ဓဝါဒကို မစွန့်လွှတ်က ခေါင်းဖြတ်သတ်မည် ဆိုလျှင်တောင် အသက်သာ အသေခံသွားတော့သည်။ အယူကိုကား သံသရာ တစ်လျောက်လုံး မစွန့်လွှတ်ကြတော့ပါ။)

ပလန်းနက် ဖိုရမ်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘာတွေကိုသိသင့်လဲ တော့ပစ်ခ်အောက်မှာ မေးခွန်းမပါပဲ အဖြေသက်သက်ကို ဖော်ပြဖူးပါတယ်။ ကွင်းခတ်ထားသော စကားများမှာ တည့်ကူးချထားခြင်းမဟုတ်ပဲ ကျွန်တော်နားလည်ထားသလို ချရေးထားခြင်းဖြစ်ပါတယ်။ မူရင်းအတိအကျကို ဖတ်လိုလျှင် ဆရာတော်အရှင် အာဒိစ္စရံသီ(ဆရာဦးဆန်းလွင်)ရဲ့ ဉာဏ်လမ်းပေါ်လျှေက်လူတစ်ယောက် အကြောင်းစာ အုပ် စာမျက်နှာ ၄၂, ၄၃, ၄၄ ကို ဖတ်ရှုနိုင်တယ်။

ပဋိစ္စသမုပ္ပါဒ် ဒေသနာ လွမ်းပတ်ကမ္ဘာတည်ပါစေ။
မိစ္ဆာအယူမှား သူငါအများ ကင်းဝေးကြပါစေ။
ရွက်ဝါဘလော့မှကူးယူဖော်ပြပါသည်။

Read more...

ပန်းပျိုးသူများအကြောင်း

>> Saturday, May 2, 2009

02.05.2009
ရေကြည်တမျှ
အမေပီသခဲ့တဲ့…အမေ။

ရှိစဉ်ဘဝ
ကြည့်မြင်မဝ
မိခင်ပီသခဲ့တဲ့…. အမေ။

တရားသဘော
အများပြောလည်း
သားဇောကပ်ခဲ့တဲ့… အမေ။

လေထန်ထဲ
အခြေမဟန်လဲ
အမေခဲကာ
သားတွေအတွက်
အားတွေဆက်ခဲ့တဲ့…အမေ။

သေသူမှာ အနီစ္စပါအမေ
ကျန်သူမှာတော့ ဒုက္ခတွေဝေ
အသိအတွေးပွား
တပည့်ကလေးများ
ရှိသေးလားမေးတိုင်း
(အချို့က)
ဖြေမဆည်ဲပါ
“သေပြီဆရာ” တဲ့- အမေ၊

ခိုင်းနိုင်းပြောတာမဟုတ်ပါ
“စိုင်းစိုင်း” ပြောတာ သရုပ်ပါ
အဟုတ်ဘ၀ ဆိုးသမို့
“လှုပ်စရာ အိုးလည်းမရှိတော့ဘူး”- အမေ၊
(အခုတော့)
(Hip Hop) ဟစ်ဟော့ သီချင်းတစ်ပုဒ်ကို
အဖြစ်သရုပ်ရှင်းကာ ထုပ်တော့
“ တစ်ရာ့ကိုး-တစ်ရာ့တစ်ဆယ်
ဘ၀ဆိုးကြတယ်”- အမေ၊

လာသမျှ အလှူရှင်
ရွာဝက မျှော်ချင်ပေမဲ့
မြို့နဲ့ အလှမ်းကွာဝေးသမို့
ဝေသမျှ မှန်းကာတွေးလို့
ဖြေမရ လွမ်းကာဆွေးမိပါရဲ့- အမေ၊

ဘ၀အစဉ်မှာ
အလှမထင်သာ
တစပြင်ပမာ ဖြစ်ခဲ့ပြီ- အမေ၊
(ဒါပေမယ့်)
မသေသေးတဲ့ ပန်းတစ်ပင်အဖြစ်
အမေပေးခဲ့ စွမ်းအင်အသစ်နဲ့
ဆိုင်ကလုံး နာဂစ်လေကြောင့်
တိုင်တစ်လုံး မကျန်ရစ်လေတဲ့
(အမေ့အိမ်)ကို
အောင်နိုင်သူ အဖြစ်
ခေါင်တိုင် ထူပစ်ပြီ- အမေ၊

ကျော်ဇေယျ( ပညာရေး)
ဘိုကလေး

Read more...

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ 27 March 2009 ဆေးတစ်ဖုံနဲ့ ရောဂါစုံပျောက်စေရမယ် ဟု ဆိုလာခဲ့သော်.... ၂

>> Monday, April 27, 2009

တက္ကသိုလ်မှာ ဖလော်သင် တဲ့ ဆရာလည်းဖြစ်၊ အလုပ်စုံလုပ်. အတွေ့အကြုံစုံလှတဲ့အပြင်. လေ့လာမှု လည်း အားကောင်းလှ တဲ့ ဆန်းလွင်၊ ၀ါဒပေါင်းစုံ လေ့လာလိုက်စား.၊ နောက်ဆုံးတော့ ဗုဒ္ဓအယူ ၀ါဒကို လေ့လာပါရဲ့။ ကျမ်းလျှောက်နေတော့ မဆုံးနိုင်။

ဒါပေမဲ့ ဆန်းလွင် တော်ပါပေ တယ်။ မာန်ကို ချ လို့ မရှင်းမလင်းတာတွေကို တောင်ပုလု ဆရာတော်ကြီး ဆည်းကပ်မေးလျှောက်ခဲ့လို့ပါ။


အချုပ်ကို လျှောက်ထားရပါလျှင် ယခုတပည့်တော်ဟာ ဗုဒ္ဓစာပေ ကျမ်းဂန်များကို လေ့လာလိုက်စားတဲ့အခါ မှာလည်း အနောက်တိုင်း တွေးပုံတွေးနည်း အတိုင်း တွေးပြီး ဗုဒ္ဓ အတွေးအခေါ်များကို လေ့လာပါတယ် ဘုရား။ ဒီနေရာမှာ ၀ိသုဒ္ဓိမဂ်မှာ ရှင်မဟာဗုဒ္ဓဃောသ တင်ပြထားပုံကိုလည်း တပည့်တော် အလွန်နှစ်သက်ပါတယ်။ ဒီအချက်က ဘာလဲ ဆိုတော့..

" ပါဠိတော်၏ အဖွင့် အဋ္ဌကထာကို ပြုလိုသော ဘုရား သာဝက တို့၏ အပေါင်းတို့ ၀ိဘဇ္ဖ၀ါဒီ ဖြစ်လျက် သက်ဝင်၍ ရှေးအဋ္ဌကထာ ဆရာတော် တို့ ကို မစွပ်စွဲမူ၍ မိမိ အယူကို မပယ် မဖယ်မူ၍ .. ဆိုတဲ့ စကားရပ်ဖြစ်ပါတယ်ဘုရား။

` ယခုအခါ အနောက်တိုင်း ဒဿနမှာ လည်း ၀ိဘဇ္ဖ၀ါဒ ထွန်းကား နေပါတယ် ဘုရား။ တပည့်တော်လည်း ဗုဒ္ဓ ၀ါဒ ကို သက်ဝင်တဲ့အခါ ၀ိဘဇ္ဖ၀ါဒီ အဖြစ်ပင် သက်ဝင်လိုပါတယ်ဘုရား။ ရှေးက ဆရာများကို လည်း မစွပ်စွဲ လိုပါဘုရား။ မိမိ ထင်မြင်ချက်များကို လည်း အလွယ်တကူ မစွန့်ပယ်ချင်ပါ။ ဒါကြောင့် တပည့်တော်ဟာ စင်ကြယ်သော ၀ိသုဒ္ဓ အမြင် ကို ရဖို့ ကြိုးစားရခြင်း ဖြစ်ကြောင်း ဦးစွာ လျှောက်ထားပါတယ်ဘုရား။ ´

` အဓိက တပည့်တော် လျှောက်ထား ချင်တာက တော့ အနောက်တိုင်းနည်း နှင့် ဒဿနအမြင် တစ်ရပ်ကို လေ့လာတဲ့ အခါ ဒီးအမြင်မှာ ရှေ့က ပြောတဲ့ စကား နဲ့ နောက်က ပြောတဲ့ စကားတို့ အချင်းချင်း ဆန့်ကျင် ချေဖျက် တဲ့ အမြင် ဆိုလျှင်လက်မခံကြပါဘူး ဘုရား။ ´

ဆန်းလွင်က မမေးခင် သူ့ သဘောကျတဲ့ အယူကို အရင်ထုတ်ပြတယ်။ ရှေ့နောက် ဆန့်ကျင်နေတာ မျိုး ကို လက်မခံ ပါဘူး တဲ့။ ပြီးမှ .. သူမေးလျှောက်တာ။ သူမကျေနပ်တာက ၀ိသုဒ္ဓိမဂ်ထဲက..

` ဥပါသကာ (ယောက်ျား) ဥပါသိကာ (မိန်းမ) တို့ စောင့်ထိန်းအပ်သော သီလ ဆိုပြီး အထင်အရှားပြထားတာတွေ အမြောက်အများ ပါရှိပါတယ်ဘုရား။ ဒီ သီလ ခန်းမှာ ပြထားပြီး တစ်ဖန် ပညာခန်းမှာ တော့ ဥပမာ. ၀ိသုဒ္ဓိမဂ် ပညာ ဘူမိနိဒ္ဒေသ ပိုင်းမှာ ထိုသူ ပြု၏။ ထိုသူ ခံစား၏။ တစ်ပါးသူပြု၏၊ တစ်ပါး သူခံစား ၏။ ဤသို့ ၀ါဒ ပယ်ခြင်း လည်းကောင်း၊ မိန်းမ ယောက်ျား ဟူသော ဇနပုဒ်သူတိုပ၏ ဝေါဟာရ ပညတ် ၌ မသင့်မလျော် အမှားနှလုံး သွင်းခြင်း လည်းကောင်း၊ လောက သမ္မုတိ ကို မလွန်ခြင်း လည်းကောင်း.... ဆိုပြီး ပဋိစ္စ သမုပ္ပါဒ် ဟူသော စကားရဲ့ အဓိပ္ပါယ် ကို ဖွင့်ရာမှ ပြတော်မူတဲ့ အပြင် ဒိဋ္ဌိ ၀ိသုဒ္ဓိ နိဒ္ဒေ သပိုင်းမှာလည်း..


` ရုပ်နာမ်မှ လွဲ၍ လွန်၍ အခြား တစ်ပါးသော သတ္တ၀ါ ဟူသည်လည်းကောင်း၊ ပုဂ္ဂိုလ် ဟူသည် လည်းကောင်း နတ်သည်လည်းကောင်း၊ ဗြဟ္မာသည် လည်းကောင်း မရှိပြီ (၀ါ) ရုပ်နာမ် နှစ်ပါးက လွဲ ၍ ပုဂ္ဂိုလ် သတ္တ၀ါ .နတ် ဗြဟ္မာ မရှိပြီ။ ဤသို့ ဆုံးဖြတ် ခြင်းသို့ ရောက်၏ လို့ ဆိုထားပြန်ပါတယ် ဘုရား။ ´

`အနောက်တိုင်း ယုတ္တိဗေဒ သဘောအရ ကြည့်လျှင် တပည့်တော် ဖော်ပြခဲ့တဲ့ အတိုင်း သီလ နိဒ္ဒေ သ ပိုင်းမှာတော့ ဘိက္ခု သီလ သာမဏေ သီလ လူဥပါသကာ ဥပါသိကီ သီလရယ် လို့ ပုဂ္ဂိုလ် အညွှန်းနှင့် ပြဆိုပြီး ပညာနိဒ္ဒေ သ ခန်း ကျတော့ ရုပ်နာမ်မှ တစ်ပါး ပုဂ္ဂိုလ် သတ္တ၀ါ မရှိ၊ လူ မရှိ နတ်မရှိ၊ ဗြဟ္မာမရှိ လို့ ဆုံးဖြတ်ကြောင်း ဆိုခြင်း ဟာ ရှေ့စကားကို နောက်စကား က ဆန့်ကျင်တယ် ချေဖျက်တယ် (Inconsistent) ရှေ့နောက် မညီညွတ်ဘူးလို့ မြင်ပါတယ်ဘုရား။ ´

ဆန်းလွင် ထောက်ပြချက်က ပိုင်ပ။.. သီလ ပိုင်းမှ . ယောက်ျား မိန်းမ ဆိုတာ ရှိတယ်.. ပုဂ္ဂိုလ် သတ္တ၀ါ ဆိုတာ ရှိတယ်။ ဟော ပညာပိုင်းရောက်တော့ ယောက်ျား မိန်းမ မရှိ.. ပုဂ္ဂိုလ် သတ္တ၀ါမရှိ လို့ ဆိုပြန်ရော.. အဲဒါကို ရှေ့နောက်ဆန့်ကျင် နေတယ် ဆိုပြီး. ဆန်းလွင်က တောင်ပုလု ဆရာတော်မေးလျှောက်တာ...
copy from my thought.

Read more...

ငြိမ်းချမ်းတဲ့ ဆွေးနွေးမှု

>> Tuesday, April 7, 2009

ငြိမ်းချမ်းတဲ့ ဆွေးနွေးမှု

ကျွန်တော့်အနေနဲ့ ဘာသာရေးကို စိတ်ဝင်စားပါတယ်။ အခြားကိစ္စလေးတွေလည်း ဟိုတွေးဒီတွေး ဆွေးနွေးရတာ ဝါသနာပါတယ်။ ဘလော့ဂ် အစပိုင်းတုန်းကတော့ ကျွန်တော် ဘာသာရေး ဆွေးနွေးတာကို မလုပ်ခဲ့ဘူး။ အဲဒီကဏ္ဍက အလွန် ပြဿနာဖြစ်လွယ်ပါတယ်။ အနည်းငယ်လေး ဝေဖန်ပြောဆိုလိုက်ရင် ဘာသာရေး ပုတ်ခတ်တယ်လို့ ဆိုချင်ကြတယ်။ အဲဒါကြောင့် ဘာသာရေးနဲ့ ပတ်သက်လို့ ကျွန်တော်နှစ်သက်တဲ့ စာပေတွေကို ကော်ပီကူးပြီး ဖြန့်ဝေတာပဲ တွင်တွင်ကျယ်ကျယ်လုပ်ခဲ့ပါတယ်။

အခုနောက်ပိုင်းတော့ ဘာသာရေးဖိုရမ်တစ်ခုကိုဝင်ပြီး ဆွေးနွေးရာကနေ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပို့စ်တွေ အများကြီးတင်ဖြစ်သွားတယ်။ အရင်ကတော့ သမ္မာကျမ်းစာ မြန်မာပြန်ရော၊ ကျမ်းမြတ်ကုရ်အာန် မြန်မာပြန်ရော ၂-ခုလုံးကို သိမ်းထားတယ်။ ဘာသာရေး အဆုံးအမတွေပဲ၊ ငြိမ်းချမ်းရေး လမ်းစဉ်တွေပဲဆိုပြီး သာမာန်အတွေးနဲ့ သိမ်းထားတယ်။ အချိန်မပေးနိုင်တာတစ်ကြောင်း၊ ဖတ်ရတာ သိပ်ပြီးစာမသွားတာတစ်ကြောင်းနဲ့ ကြိုးစားပမ်းစာ မဖတ်ဖြစ်ခဲ့ပါဘူး။ ဘာသာရေးဆွေးနွေးမှုတွေ လုပ်ဖြစ်တော့မှ ကြိုးစားပမ်းစာ ဖတ်မိတယ်။ ဘာသာခြားတွေရဲ့ အင်တာနက် စာမျက်နှာတွေကိုလည်း ရောက်ဖြစ်တယ်။ အတွေးအခေါ် အယူအဆပိုင်း သဘောမတူတာတွေတွေ့လို့ ပြန်ပြီးဆွေးနွေးတာတွေ လုပ်တယ်။

အထူးသဖြင့် ကိုဌေးလွင်ဦးရဲ့ ရေးသားချက်တွေကို သဘောမတူလို့ ကိုယ့်အမြင်ကို ပြန်ရေးနေတယ်။ ကွန်မန့်လည်းတင်တယ်။ ကျွန်တော့်နဲ့ သူကြားမှာ ဘာမှအငြိုးအတေးမှ မရှိပါဘူး။ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုလည်းမရှိပါဘူး။ အတွေးအခေါ် အယူအဆမတူတော့ ရေးနေသမျှက ဘုတ်နဲ့ကျီးလို အပြန်အလှန် ချီးမွှမ်းနေတာမျိုးတော့ တွေ့ရမှာ မဟုတ်ပါဘူး။ အကြိတ်အနယ် ပြောတာမျိုးတွေတွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ၂-ယောက် ရန်ဖြစ်မနေကြပါဘူး။

သူ့ရေးသားချက်တွေက ဘာသာတရား ၂-ခု ရှုတ်ထွေးစေမှုကို ဦးတည်နေတယ်လို့ ကျွန်တော်က မြင်တယ်။ အဲဒါလည်း ရေးသားချက်တွေကို ဝေဖန်တာပါ။ လူပုဂ္ဂိုလ်အပေါ် ရှုတ်ထွေးအောင် သေခြာ စီစဉ်နေသူဖြစ်တယ်- လို့ စွပ်စွဲတာမဟုတ်ပါဘူး။

အခုတော့ ကျွန်တော်တို့ ၂-ယောက်ရဲ့ အမည်တွေကို ကိုးကားပြီး၊ ကျွန်တော်တို့ ရေးထားတဲ့စာတွေကို ကူးယူပြီး အင်တာနက်မှာ အီးမေးကတစ်ဆင့် “ဗုဒ္ဓဘာသာ မြန်မာတွေနဲ့ ကုလားတွေ ရန်ဖြစ်နေကြတယ်”ဆိုပြီး ဖြန့်ဝေနေကြတယ်လို့ ကြားရတယ်။ ကျွန်တော့်ဆီကိုတော့ အဲဒီလိုအီးမေးလ် မရောက်လာသေးပါဘူး။ အဲဒီလိုတွေကြားရတာ စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့ရဲ့ ဘလော့ဂ်ပေါ်က ဆွေးနွေးပွဲက တဆင့် ဘယ်သူတွေကိုမှ ခိုက်ရန်ဒေါသ မပွားစေလိုပါဘူး။ ကိုဌေးလွင်ဦးကလည်း ဒါမျိုးတွေ မလိုလားလောက်ပါဘူး။

ကျွန်တော့်သဘောကတော့ ဝေဖန်တာကို အားပေးတယ်။ စာပေဝေဖန်တာကို ပိုပြီးသဘောကျတယ်။ ဟိုဘာသာကျမ်းဂန်ဖြစ်လို့ ဒီဘာသာကျမ်းဂန်ဖြစ်လို့ ဝေဖန်ခွင့် မပြုဘူးဆိုရင် ဒါဟာ စာပေလွတ်လပ်ခွင့် မရှိခြင်းပဲ။ လွတ်လပ်စွာရေးသားပြောဆိုပိုင်ခွင့် လူ့အခွင့်အရေးကို ထိခိုက်တယ်- လို့ ပြောချင်တယ်။ အဲဒါကြောင့် ဘလော့ဂ်စာပေတွေရော ဘာသာရေး ကျမ်းဂန်တွေကိုပါ လွတ်လွတ်လပ်လပ် ဝေဖန်ပါရစေ။

စာဖတ်သူတွေအနေနဲ့ ကျွန်တော့ပို့စ်တွေကို ဖတ်ပြီး ရွက်ဝါတော့ ဟိုလူနဲ့ ရန်ဖြစ်နေပြီ၊ ဒီလူနဲ့ ရန်ဖြစ်နပြီ မထင်လိုက်ကြပါနဲ့။ ကျွန်တော် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ပုဂ္ဂိုလ်ရေး အငြိုးအတေးမထားပါဘူး။ ဘယ်ဘာသာတရားကိုမှ မမုန်းတီးပါဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်လို့ ဖန်ဆင်းရှင်ဝါဒတွေကို သဘောမတူဘူး။ ဒါပေမဲ့ သူတို့ဘာသာတရား ကျမ်းဂန်တွေကနေ ဘယ်လို အသိပညာတွေ ရနိုင်မလဲလို့ လေ့လာနေပါတယ်။ ပိဋကတော်က ပေးတဲ့ အသိပညာတွေနဲ့ နှိုင်းယှဉ်ကြည့်ပါတယ်။

ကျွန်တော်နဲ့ ကိုဌေးလွင်ဦး ကြားမှာ ပုဂ္ဂိုလ်ရေး အမုန်းတရားမရှိကြောင်း ရှင်းလင်းပြောကြား လိုက်ပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာ ကလွဲပြီး အခြားဘယ်ဝါဒကိုမှ လက်မခံပါဘူး။ အယူဝါဒရေးရာ သဘောမတူနိုင်ပေမဲ့ ဘယ်သူ့ကိုမှ ရန်သူလိုသဘောမထားပါဘူး။ ဘာသာခြားပုဂ္ဂိုလ်တွေကို အလေးထားတဲ့စိတ်ရှိပါတယ်။ ဘာသာခြား စာပေတွေကိုလည်း ဗဟုသုတဖြစ်တော့ ဖတ်သင့်တယ်လို့ ယုံကြည်ပါတယ်။ ကိုဌေးလွင်ဦးရဲ့ အင်တာနက် စာမျက်နှာကို ကျွန်တော့် ဘလော့ဂ်မှာ လင့်(ခ်)ထားပေးလိုက်ပါတယ်။ သူ့စာမျက်နှာတွေမှာတော့ မြန်မာပြည်မှာ တွေ့ဖူးနေကျ အခြားအစ္စလာမ်ဘာသာဝင်များနဲ့ အတွေးအခေါ် ကွဲလွဲပြီး သီးခြားဆန်တဲ့ အယူအဆတွေ တွေ့ရပါတယ်။ မြန်မာပြည် အစ္စလာမ်ဘာသာဝင် အများစု လက်ကိုင်ထားတဲ့ ကုရ်အာန်ကျမ်း မြန်မာပြန်မူနဲ့ ကွဲလွဲတဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘာသာပြန်မူကိုလည်း တင်ထားတာတွေ့ရပါတယ်။ ကျွန်တော် သဘောအကျဆုံးကတော့ ကဗျာလေးတွေပါပဲ။ ရွက်ဝါမှတဆင့် ကူးယူဖော်ပြပါသည်

Read more...

အရလွယ်ခဲ့လို့ တန်ဖိုးမသိကြတာ ဖြစ်မယ်။

>> Sunday, March 22, 2009

အရလွယ်ခဲ့လို့ တန်ဖိုးမသိကြတာ ဖြစ်မယ်။

ဒကာကြီး၊ ရှင်ဘုရင်ရဲ့ သားဟာ ခမည်းတော် နတ်ရွာစံပြီး အလိုလို ဘုရင် အရိုက်အရာကို ရရှိလာတော့ ဘုရင်ဖြစ်ရတဲ့ တန်ဖိုးကိုလည်း မသိဘူး။ ဘုရင့် တာဝန် ဝတ္တရား ဘယ်လောက် ကြီးမှန်းလည်း မသိဘူး၊ ဒီလိုပဲ ဒကာကြီး မွေးကတည်းက ဗုဒ္ဓဘာသာဝင်ဖြစ်လာသူတွေဟာ ရတနာသုံးပါးရဲ့ တန်ဖိုး၊ သိက္ခာသုံးရပ်ရဲ့ ဖန်ဖိုးနှင့် အစွမ်းသတ္တိတွေကို နားမလည်ကြဘူး။ ဆင်းရဲသားက ရှင်ဘုရင် ဖြစ်သွားတဲ့ လူကျတော့ ဘုရင့်တန်ဖိုးကို ပိုသိတာပေါ့၊ ဘဝမှာ သဒ္ဓါ၊ သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ စတဲ့ စိုက်ထုတ်ခဲ့ရတဲ့ တန်ဖိုးတွေ ဘယ်လောက် ကြီးမားတယ် ဆိုတာ ကိုယ်တိုင် သိမြင်ခဲ့ရတဲ့ အခါ ကျတော့ မိုက်စရာ ရှိတာတောင် မမိုက်ချင်တော့ဘူး။ အနစ်နာ ခံခဲ့ရတာတွေ၊ ဆုံးရှုံးခဲ့ရတာတွေ၊ စွန့်လွှတ်ခဲ့ရတာတွေ ဘယ်လောက်များတယ် ဆိုတာ သူပဲသိတယ်။ ဒီတော့ ရတနာ သုံးပါးကို ကြည်ညိုရတိုင်းမှာ ပီတိ ဖြစ်ရတာပေါ့။ ဒီလိုပဲ ဒကာကြီး၊ တခြား ဘာသာ အယူဝါဒကနေ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အဖြစ်ကို ကူးပြောင်း ရောက်ရှိလာသူတိုင်းဟာ ဆင်းရဲသားက သန်းကြွယ် သူဋ္ဌေး ဖြစ်ရတဲ့ လူလိုပဲ ခံစားရတယ်။

(ရောမ ဘရင်ဂျီဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသော အီတလီ ဘုန်းတော်ကြီး ဦးလောကနာထ)

ဆရာဦးဆန်းလွင် (အရှင်အာဒိစ္စရံသီ) ရေးသားသော ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်း စာအုပ်၊ (စာမျက်နှာ ၁၀-၁၁) ဦးဟန်ဌေး၏ မိတ်ဆက်နိဒါန်းမှ ကူးယူဖော်ပြလိုက်ပါတယ်။ ရွက်ဝါမှတဆင့် ကူးယူဖော်ပြပါသည်။

Read more...

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP